စီးပွားရေးလုပ်ငန်းများ စတင်တည်ထောင်ချိန်မှစ၍ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သော ဥပဒေကြောင်းအရ အကြံဉာဏ်ပေးခြင်းနှင့် စာရွက်စာတမ်းဆောင်ရွက်ခြင်းများကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့၏ အဓိကဝန်ဆောင်မှုများ -
ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ဖွဲ့စည်းခြင်း:
ကုမ္ပဏီအမျိုးအစားအလိုက် မှတ်ပုံတင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Constitution) ရေးဆွဲခြင်းနှင့် လိုင်စင်များ ရယူခြင်း။
စီးပွားရေးစာချုပ်များ:
ရှယ်ယာရှင်များဆိုင်ရာ သဘောတူညီချက်များ၊ ရောင်းဝယ်ရေး၊ ငှားရမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး (JV) နှင့် ဝန်ဆောင်မှုစာချုပ်များ ရေးဆွဲခြင်းနှင့် စစ်ဆေးခြင်း။
လုပ်သမားရေးရာ ဥပဒေ:
အလုပ်ခန့်စာချုပ်များနှင့် ကုမ္ပဏီတွင်း စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ အလုပ်သမားအငြင်းပွားမှုများအတွက် အကြံပေးခြင်း။
လုပ်ငန်းပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်း (M&A):
လုပ်ငန်းဆိုင်ရာ ဥပဒေစစ်ဆေးမှုများ (Legal Due Diligence) ပြုလုပ်ပေးခြင်း။