လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် ဆက်ဆံရေး တည်ငြိမ်ပြေပြစ်စေရန်နှင့် တည်ဆဲအလုပ်သမားဥပဒေများနှင့် ကိုက်ညီစေရန် အောက်ပါတို့ကို ဆောင်ရွက်ပေးပါသည် -
အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်များနှင့် စည်းမျဉ်းများ:
ပြည်တွင်းဥပဒေစံနှုန်းများနှင့်အညီ အလုပ်ခန့်စာချုပ်များ၊ ကုမ္ပဏီတွင်း ဝန်ထမ်းစည်းကမ်းများ (Employee Handbook) ရေးဆွဲခြင်း။
အလုပ်သမားအငြင်းပွားမှု ဖြေရှင်းခြင်း:
အလုပ်ထုတ်ခြင်း၊ နစ်နာကြေးတောင်းဆိုခြင်းနှင့် လုပ်ငန်းခွင် အငြင်းပွားမှုများကို အလုပ်သမားဆက်ဆံရေးရုံးများနှင့် တရားရုံးများတွင် ကိုယ်စားပြု ညှိနှိုင်းဖြေရှင်းပေးခြင်း။