ခေတ်မီစီးပွားရေးလောကတွင် လုပ်ငန်း၏ အမှတ်တံဆိပ်နှင့် မူပိုင်ဖန်တီးမှုများသည် အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရုံးမှ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်နှင့် ဆက်စပ်သည့် ဥပဒေရေးရာ ကာကွယ်မှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း (Trademark Registration): ပြည်တွင်းနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကုန်အမှတ်တံဆိပ်နှင့် လိုဂိုများ တရားဝင် မှတ်ပုံတင်ခြင်း။
မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်း (Copyright & Industrial Design):
စာပေ၊ အနုပညာ၊ ဆော့ဖ်ဝဲလ်နှင့် လုပ်ငန်းသုံး ဒီဇိုင်းများအတွက် မူပိုင်ခွင့်ဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်း။
IP Infringement Protection:
မူပိုင်ခွင့်ချိုးဖောက်ခံရခြင်းနှင့် ကုန်အမှတ်တံဆိပ် တရားမဝင် အသုံးချခံရခြင်းတို့အတွက် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးခြင်း။