မိသားစုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များတွင် လျှို့ဝှက်ချက် ထိန်းသိမ်းပေးမှုနှင့် နားလည်မှုအပြည့်အဝဖြင့် ဖြေရှင်းပေးရန် လိုအပ်ပါသည်။
အမွေဆက်ခံခြင်းနှင့် ခွဲဝေခြင်း (Inheritance & Succession): သေတမ်းစာစာချုပ် (Will) ရေးဆွဲခြင်း၊ အမွေထိန်းခန့်အပ်ခြင်း (Letter of Administration) နှင့် ဥပဒေနှင့်အညီ အမွေခွဲဝေမှုများ ဆောင်ရွက်ခြင်း။
မိသားစုအငြင်းပွားမှု ဖြေရှင်းခြင်း: ကွာရှင်းပြတ်စဲခြင်းနှင့် သက်ဆိုင်သည့် အခွင့်အရေးများ၊ ကလေးသူငယ် အုပ်ထိန်းခွင့် (Child Custody) ဆိုင်ရာ ကိစ္စရပ်များအတွက် ကိုယ်စားပြုဆောင်ရွက်ပေးခြင်း။