ဦးမင်းသက်ဇင်သည် အထက်တန်းရှေ့နေ လိုင်စင်ကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ပြီး တရားလွှတ်တော်ရှေ့နေ လိုင်စင်ကို ၂၀၁၇ ခုနှစ် ရရှိခဲ့ပါသည်။ Lion Legal Law Firm အား ဦးဆောင်တည်ထောင်သူ တစ်ဦးဖြစ်ပါသည်။
တရားခွင်အတွင်း ထက်မြက်သော ဥပဒေပညာ ၊ ရဲရင့်သော သတ္တိတို့ကို အသုံးချ၍ မိမိ၏ အမှုသည်ဘက်မှ မားမားမတ်မတ်ကာကွယ် စောင့်ရှောက်တက်သူ တစ်ဦးဖြစ်ပါသည်။
၂၀၁၁ ရွေးကောက်ပွဲတွင် မဲစာရင်းမသာမှုအတွက် ဝင်ရောက်ရွေးချယ်ခံခဲ့သော ကိုယ်စားလှယ်လောင်းများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ တရားစီရင်ရေးအာဏာ၏ အမြင့်ဆုံးအာဏာဖြစ်သော စာချွန်တော်အာဏာအား ကျင့်သုံးဆောင်ရွက်စေရန် မဟာဗျူဟာမြောက် ဥပဒေရေးရာ စီမံချက်ရေးဆွဲခဲ့သည်။ နိုင်ငံပိုင် ရုပ်သံမီဒီယာ တွင်လည်း ဥပဒေရေးရာ ဆွေးနွေးဝိုင်း အစီစဉ်တွင် ပူးပေါင်းပါဝင်ပြီး အများပြည်သူများထံ ဥပဒေဗဟုသုတများ ဝေမျှလျှက်ရှိသည်။
ပညာအရည်အချင်း
LL.B, M.P.A (Thiese) ,
အတွေ့အကြုံ
အမှုလိုက်အတွေ့ကြုံ ၁၅ နှစ်ကျော်